တရုတ်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာ

  • 14 ဇွန် 2011
China Inflation
Image caption စားသောက်ကုန်က ၁၀ ရာခိုင်နှုန်းလောက် စျေးတက်

ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုနှုန်းဟာ သုံးနှစ်အတွင်း အမြင့်ဆုံးကို ရောက်လာနေပါတယ်။

ပြီးခဲ့တဲ့နှစ် မေလကနဲ့ စာရင် ဒီနှစ်မှာ ကုန်စျေးနှုန်းတွေက ၅ ဒဿမ ၅ ရာခိုင်နှုန်းထိ တက်လာပါတယ်။ စားသောက်ကုန် စျေးနှုန်းတွေဆိုရင် ၁၀ ရာခိုင်နှုန်းထိ တက်လာပါတယ်။

တရုတ်အစိုးရကလည်း ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းအောင် ကိုင်တွယ်ဖို့ ဦးစားပေးလုပ်ဆောင်နေပေမယ့် အခုတိုးနေတဲ့နှုန်းကတော့ တရုတ်အစိုးရ ဦးတည်ရည်မှန်းထားတဲ့ ၄ ရာခိုင်နှုန်းဆိုတာထက် အများကြီး ကျော်လွန်နေပါတယ်။

အခုဆိုရင် တရုတ်က လူသန်းပေါင်းများစွာဟာ သူတို့ဝင်ငွေရဲ့ တစ်ဝက်ကို အစားအစာပေါ်မှာ သုံးစွဲနေရတဲ့ အခြေအနေကို ရောက်နေပြီး တရုတ်အစိုးရကလည်း ဒီလို ကုန်စျေးနှုန်းတက်တာတွေကနေ မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။