ဂ​ရိ​ပါလီမန်​ပြင်​ပ​မှာ ရဲ​နဲ့​ဆန္ဒ​ပြ​သူ​တိုက်ခိုက်

  • 15 ဇွန် 2011

ဂရိနိုင်ငံရဲ့ ပါလီမန်အပြင်ဘက်မှာ ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်နေပြီး၊ အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးနဲ့ပတ်သက်တဲ့ အစီအစဉ်သစ်အပေါ် ပြည်သူထောင်ပေါင်း များစွာက ကန့်ကွက်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် video
Image caption ဂရိနိုင်ငံမှာ ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေနဲ့ ရဲတွေက တိုက်ခိုက်နှိမ်နင်း

ဆန္ဒပြသူတွေက ရဲတွေကို ကျောက်တုန်းနဲ့ ပေါက်ခဲ့ကြပြီး၊ ရဲတွေကလည်း မျက်ရည် ယို ဗုံးတွေနဲ့ လူအုပ်ကို ပြန်ပစ်ခဲ့ ပါတယ်။ ဒီနေ့ တနေ့လုံး ကိုတော့ ဆန္ဒပြပွဲတွေ ဆက်တိုက် လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေနဲ့ အစိုးရဆောင်ရွက်ချက်ကို မကျေနပ်သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆေးရုံတွေ၊ အများပြည်သူသုံး ပို့ဆောင်ရေး ကွန်ရက်နဲ့ အသံလွှင့်ရုံတွေပါ ထိခိုက်ကုန် တယ်လို့ သိပါတယ်။