ကွန်ဂရက်မှာ အတည်ပြုချက် ယူဖို့ အိုဘားမား ပယ်ချ

  • 15 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ အိုဘားမား ပယ်ချ

လစ်ဗျား စစ်ဆင်ရေးမှာ အမေရိကန် ဆက်လက် ပါဝင်နိုင်အောင် အမေရိကန် လွှတ်တော် အမတ်တွေဆီက အတည်ပြုချက် ရယူရမယ့် ဆိုတဲ့ အချက်ကို သမ္မတ အိုဘားမားက ပယ်ချလိုက်ပါတယ်။

လစ်ဗျား စစ်ဆင်ရေးမှာ အမေရိကန် အနေနဲ့ အကန့်အသတ်နဲ့ ထောက်ခံတဲ့ အနေအထား ကနေ ပါဝင်နေတာ ဖြစ်တဲ့အတွက် ကွန်ဂရက် အတည်ပြုချက်မှ ယူဖို့ မလိုဘူးလို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်က တခြား နိုင်ငံ တခုကို စစ်တိုက်ရင် ရက်ပေါင်း ၉ဝ အတွင်း သမ္မတက ကွန်ဂရက် ဆီက အတည်ပြုချက် ယူရမယ် ဆိုတဲ့ ဥပဒေကို မစ္စတာ အိုဘားမားက ချိုးဖောက်တယ်လို့ လွှတ်တော် အမတ် ၁ဝယောက်က စွပ်စွဲကာ တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်။