ဆူဒန်မှာ လူမျိုးတုန်း သုတ်သင်မှု ဖြစ်ပွားနေ

  • 15 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆူဒန်က တိုက်ခိုက်မှုတွေ

မြောက်ပိုင်း ဆူဒန်နဲ့ နယ်စပ်နားက အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးစု တခုလုံးကို သုတ်သင် ရှင်းလင်းပစ်သလို ဖြစ်နေတယ်လို့ လာမယ့် လမှာ လွတ်လပ်ရေး ရတော့မယ့် တောင်ပိုင်း ဆူဒန်နိုင်ငံရဲ့ ဒုတိယ သမ္မတ က ပြောပါတယ်။

South Kordofan ပြည်နယ်က တိုက်ခိုက်မှုတွေ အထူးသဖြင့် နူဘာ တောင်တန်း တွေပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ တောင်မြောက် ငြိမ်းချမ်းရေး စာချုပ်ကို လုံးဝ ချိုးဖောက်နေတာဖြစ်တယ်လို့ ဒုတိယသမ္မတ Riek Machar က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ခိုက်မှုတွေကြောင့် အဲဒီဒေသက လူပေါင်း ခြောက်သောင်းလောက် အိုးအိမ်မဲ့ စွန့်ခွာပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ချက်ခြင်း အပစ်ရပ်ကြဖို့ အမေရိကန် သမ္မတ အိုဘားမားက ပန်ကြားထား ပါတယ်။