ဗြိတိသျှ​ဘဏ်​ တွေ နဲ့ စည်း​မျ​ဉ်း အသစ်တွေ

  • 15 ဇွန် 2011
Minister Osborne ဓာတ်ပုံ မူပိုင် Getty
Image caption ဘဏ်တွေ နောက်တကြိမ် ဘဏ္ဍာရေး အကျပ်အတည်း မဖြစ်စေဖို့ ဝန်ကြီး ပြော

ဗြိတိသျှဘဏ် တွေကို နောက်တကြိမ် ဘဏ္ဍာရေး အကြပ်အတည်း မကြုံတွေ့စေဖို့ နဲ့ ပြီးခဲ့တဲ့ သုံးနှစ်က လုပ်ခဲ့သလို ဘဏ်တွေ ထဲ အစိုးရ အနေနဲ့ အမေရိကန် ဒေါ်လာ သန်းထောင်ချီ ပံ့ပိုး စိုက်ထည့် ပေးတာမျိုးတွေ မဖြစ်စေဖို့ ပြန်စိစစ် နေပါတယ်။

ဗြိတိသျှဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ် အော့စဘွန်း က ဘဏ်တွေ လိုက်နာ ဆောင်ရွက် သင့်တာ တွေကို မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

အဲဒီမှာ ဘဏ်တွေအနေနဲ့ လိုက်နာ ဆောင်ရွက်ရမှာတွေ ပါမှာ ဖြစ်ပြီး၊ အဲဒီလိုလုပ်ထားရင် ဘဏ်တွေရဲ့ ငွေရင်းတွေ ထိခိုက်ခဲ့ရင် တောင် ဘဏ်ဝန်ဆောင်မှု ရယူတွေရဲ့ ငွေစာရင်း တွေ ဟာ ဘာမှ အဆုံးအရှုံး ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။