အငြင်းပွားရေပြင်ကို တရုတ် သင်္ဘော လွှတ်

  • 16 ဇွန် 2011

အာရှ အိမ်နီးချင်း နိုင်ငံ တွေကြားမှာ နယ်မြေ ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုတွေ ပိုမို ဆိုးဝါး လာနေတဲ့ တောင် တရုတ် ပင်လယ်ပြင် ထဲကို သူတို့ရဲ့ အကြီးဆုံး ကင်းလှည့် သင်္ဘော တစ်စီး စေလွှတ် ခဲ့တယ်လို့ တရုတ် နိုင်ငံက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption စင်္ကာပူကို ဦးတည်သွားနေတဲ့ တရုတ်ပိုင် Haixun သင်္ဘော

တရုတ် နိုင်ငံရဲ့ တရားဝင် သတင်း မီဒီယာ ထဲမှာ Haixun သင်္ဘောဟာ ဗုဒ္ဓဟူးနေ့ကပဲ တရုတိ နိုင်ငံ တောင်ပိုင်းကနေ ထွက်ခွာသွားပြီး စင်္ကာပူ တိုင်ငံဘက်ကို ဦးတည် နေပြီလို့ ဖော်ပြ ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာ ပြောရေးဆိုခွင့် ရှိသူ ကတော့ ဒါဟာ ပုံမှန် သွားလာမှုပဲလို့ ဆိုပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကတော့ တောင်တရုတ် ပင်လယ်ပြင်ထဲက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေ အများအပြား ရှိတယ်လို့ ယူဆနေကြပြီး ရေကြောင်း သွားလာမှု အရလည်း အဓိက ကျတဲ့ နေရာ မှာ တရုတ် ရေယာဉ် တွေရဲ့ ရန်လိုတဲ့ ပြုမူပုံတွေ ရှိခဲ့တယ်လို့ မကြာသေးခင်ကပဲ စွပ်စွဲခဲ့ပါတယ်။