အိမ်ဖော်ကို သတ်သူတွေ စွဲချက်တင် ခံရ

  • 16 ဇွန် 2011

အခုလ စောစောပိုင်းက အင်ဒိုနီးရှား အိမ်ဖော်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ အမှုနဲ့ မလေးရှား နိုင်ငံက ဇနီးမောင်နှံ ကို စွဲချက် တင်လိုက်ပါတယ်။

အသတ်ခံခဲ့ရသူအိမ်ဖော်ရဲ့ မျက်နှာနဲ့ ခန္ဓကိုယ် တစ်ခုလုံးမှာ အညိုအမဲစွဲ ဒဏ်ရာ တွေနဲ့ ပြည့်နေတယ်လို့ လည်း သိရပါတယ်။

Image caption မလေးရှားက အိမ်တွင်းမှု အလုပ် သမများ

ကမ္ဘာ တဝန်းလုံးမှာ သန်းနဲ့ချီ ရှိနေကြတဲ့ အိမ်ဖော်၊ ကလေးထိန်း၊ ထမင်းချက် နဲ့ တခြား အိမ်မှု အလုပ် လုပ်ကိုင် နေကြသူ အလုပ်သမားတွေ အတွက် အခွင့် အရေး အသစ်တွေ ပေးမယ်ဆိုတဲ့ အာမခံမှုတွေ ရှိလာ ချိန်မှာ အခု သတင်း ပေါ်ထွက် လာခဲ့တာပါ။

အိုင်အယ်လ်အို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ သဘောတူညီချက် သစ်အရ ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ ပထမဆုံး အကြိမ် သူတို့ရဲ့ အိမ်မှု ဆိုင်ရာ အလုပ်သမားတွေကို နှစ်စဉ် ခံစားနိုင်တဲ့ လစာပြည့်ခွင့်၊ မီးဖွားခွင့်နဲ့ ကျန်းမာရေး အာမခံချက် တို့ အပါအဝင် အလုပ်သမား အခွင့် အရေး အပြည့်အဝ ပေးကြရမှာ ဖြစ်ပါတယ်။