အဘူဘာကာ ဘာရှားကို ထောင်ဒဏ် ၁၅ နှစ်ချ

  • 16 ဇွန် 2011

အင်ဒို နီးရှား နိုင်ငံက အစွန်းရောက် မူဆလင် ဘာသာရေး ခေါင်းဆောင် အဘူ ဘာကာ ဘာရှားဟာ အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ တစ်ခုကို စည်းရုံးရေး ဆိုင်ရာနဲ့ ရန်ပုံငွေ ထောက်ပံ့ရေး ဆိုင်ရာ အကူအညီတွေ ပေးခဲ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံလိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာသာရေး ခေါင်းဆောင် မစ္စတာ ဘာရှားကို ကြားနာတဲ့ တရားခွင်

အာချေ ဒေသမှာ မနှစ်တုန်းက တွေ့ရှိ ခဲ့တဲ့ စစ်သွေးကြွတွေရဲ့လေ့ကျင့်ရေး စခန်း ကို ဒေါ်လာငွေ ထောင်ပေါင်း များစွာ ထောက်ပံ့ပေးခဲ့မှုနဲ့ မစ်စတာ ဘာရှားမှာ အပြစ်ရှိတယ်လို့ ဂျကာတာ မြို့တော်က တရားရုံး တစ်ခုက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ အနောက် နိုင်ငံသား တွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ် ဆိုပြီး စွပ်စွဲ ခံရတာပါ။

အစိုးရ ရှေ့နေတွေ ကတော့ သူ့ကို ထောင်ဒဏ် တစ်သက် အပြစ်ချဖို့ တောင်းဆို ခဲ့ကြပါတယ်။

အဘူဘာကာ ဘာရှားဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဘာလီကျွန်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ် ဆိုပြီး ထောင်ဒဏ် နှစ် နှစ် ချမှတ် ခံခဲ့ရ ပါတယ်။