Zawahiri အယ်လ်ခိုင်းဒါး ခေါင်းဆောင် သစ် ဖြစ်လာ

  • 16 ဇွန် 2011
အယ်လ်ခိုင်းဒါးခေါင်းဆောင်သစ် Zawahiri ဓာတ်ပုံ မူပိုင် BBC World Service
Image caption အယ်လ်ခိုင်းဒါးခေါင်းဆောင်သစ် Zawahiri

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက အမေရိကန်တို့လက်ချက်နဲ့ သေဆုံးသွားတဲ့ အိုစမာ ဘင်လာဒင်ရဲ့နေရာကို Ayman al- Zawahiri ကအယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် ဆက်ခံလိုက်ပါတယ်။

သူ့ခေါင်းဆောင်မှုသစ် အောက်ကနေ အမေရိကန် အစ္စရေးနဲ့ မဟာမိတ်တွေကို ဘာသာရေးစစ်ပွဲ ဆက်ဆင်နွှဲသွားမယ်လို့ အစ္စလမ် ဝက်ဆိုက်တခုမှာ ဖေါ်ပြသွားပါတယ်။