တရုတ်နိုင်ငံမှာ မိုးကြီးပြီး ရေလွှမ်း

  • 17 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service

တရုတ်နိုင်ငံ အလယ်ပိုင်း နဲ့ တောင်ပိုင်းမှာ ရက်အတော်ကြာကြာ မိုးအကြီးအကျယ် သည်းထန်နေတာကြောင့် သိန်းနဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးနေရပါတယ်။

အရင်က မိုးခေါင်နေခဲ့ရတဲ့ တချို့နေရာတွေမှာ ၁၉၅၅ ခုနှစ် နောက်ပိုင်း အဆိုးဆုံး ရေလွှမ်းမိုးတဲ့ ဒဏ်ကို ခံနေရတယ်လို့ အစိုးရက ပြောပါတယ်။

တရားဝင် ကပ်ဘေးအန္တရာယ်ကို အမြင့်ဆုံးအဆင့် တပ်လှန့် သတိပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ စစ်တပ်ဖွဲ့ဝင်တွေကို သယ်ပို့ပေးနေပါတယ်။

ဒီလအတွင်း သတင်းတွေအရ လူပေါင်း ၁၇၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဇီျန်ပြည်နယ်က မြို့နဲ့ကျေးရွာပေါင်း ၂၀ ကျော် မှာ ရေလွမ်းနေပြီး ကြာသပတေးနေ့က ရေကာတာ ၂ ခု ကျိုးသွားတယ်လို့ အစိုးရ မီဒိယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။