ဂရိ ဘဏ္ဍာရေးဝန်ကြီးသစ်ခန့်

  • 17 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဂရိနိုင်ငံမှာ ခြိုးခြံ ချွေတာရေး အစီအစဉ်တွေကို နိုင်ငံရေးအရ ပို ထောက်ခံမှု ရအောင် ကြိုးပမ်းတဲ့အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်ကို ခန့်အပ်လိုက်ပြီး အစိုးရ အဖွဲ့မှာ အတော်မျာများ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရသစ်မှာ ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ဝန်ကြီးချုပ် George Papandreou ကို ဝေဖန်လေ့ရှိပြီး အရင်ကာကွယ်ရေဝန်ကြီးတာဝန်ယူနေတဲ့ Evangelos Venizelos ကို တာဝန်ပေးခဲ့ပါတယ်။

အစိုးရရဲ့ အသုံးစရိတ်ဖြတ်တောက်ပြီး အခွန်ပိုတိုးကောက်မဲ့ အဆိုပြုချက်အပေါ် ဂရိနိုင်ငံမှာ လူထု ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ အာဏာရ ဆိုရှယ်လစ်ပါတီတွင်း ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အခုလို အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပါလီမန်မှာ အခု အစိုးရ အဖွဲ့သစ်အပေါ် အယုံအကြည်မရှိ အဆိုကို မဲခွဲမှာကို ဆိုင်းငံထားပြီး လာမဲ့ အင်္ဂါနေ့ကျမှ မဲခွဲမယ်လို့ ယူဆရပါတယ်။

ဥရောပငွေကြေးသုံးနိုင်ငံတွေအနက် စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေက ဂရိနိုင်ငံရဲ့ ကြွေးမြီအကြပ်အတည်းကို ကယ်ဆယ်နိုင်မဲ့ အစီအစဉ်တရပ်ကို သူတို့ အမြန်ဆုံး သဘောတူနိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ဂျာမန်ဝန်ကြီးချုပ် အင်ဂဲလာ မာကဲနဲ့ ပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီတို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။