ဘုရားသုံးဆူမြို့ခံတွေလုံခြုံရေးစိုးရိမ်

  • 18 ဇွန် 2011
karen people
Image caption ဘေးလွတ်ရာကို ပြေးနေကြသူများ

ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က ဘုရား သုံးဆူ နယ်စပ်မြို့မှာ မကြာခဏ ပစ်ခတ် မှုတွေ ဖြစ်ပွား နေတဲ့ အတွက် မြို့ခံ လူထု တွေမှာ ကျီးလန့် စာ စားနေရ သလို ဖြစ်နေပါတယ်။

တချို့ ကတော့ လုံခြုံရေး အတွက် စိုးရိမ် မှုကြောင့် မြို့ကနေ ထွက်ခွာ သွားနေ ကြတယ်လို့ မြို့ခံလူ တွေက ပြောပါတယ်။

အမည် မသိတဲ့ သေနတ် သမား တွေဟာ မြို့ထဲကို ဝင်ပြီး မကြာခဏ ပစ်ခတ် ခဲ့တဲ့ အတွက် အခုဆိုရင် စာသင်ကျောင်း၊ မြို့လယ်စျေးကြီး နဲ့ မြို့လယ်က အိမ်တွေ ပိတ်ထား ရတဲ့ အဆင့်အထိ ဖြစ်လာ နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် နေ့မှာ တကြိမ်နဲ့ ၁၄ ရက်နေ့မှာ တကြိမ် အမည်မသိ သေနတ် သမား တွေရဲ့ လက်ချက်နဲ့ လူ ၂ ဦးသေဆုံး ပြီး ၄ ဦး ထက်မနဲ ဒဏ်ရာ ရရှိ ခဲ့တယ်လို့ လဲ သိရပါတယ်။

တချို့ ကတော့ မြန်မာ ပြည်တွင်းကို ပြောင်းသွား ကြသလို တချို့ ဆိုရင် ထိုင်းဖက်ခြမ်းကို ပြောင်းသွားနေတာ ရှိပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ အလုပ်အကိုင် တွေပါ ရပ်ဆိုင်း နေရတဲ့ အခြေအနေကို ရောက်နေပါတယ်။

ဒီကြားထဲမှာ အစိုးရတပ်ကလဲ မြို့နယ်ထဲမှာ ကတုတ်သစ်တွေ လုပ်ပြီး လုံခြုံရေး ထပ်မံ ချထားတဲ့ အတွက် မြို့ခံတွေရဲ့ စိုးရိမ်မှုက ပိုဆိုးလာနေပါတယ်။ အလားတူ ပစ်ခတ်မှု တွေ ရှိနေ သေးတယ် ဆိုပြီး ကောလဟာလ သတင်းတွေက အမျိုးမျိုး ထွက်နေတဲ့ အတွက် မြို့ခံတွေ မြို့ကနေ ထွက်ခွာနေမှု တွေကို ပိုအားပေးသလို ဖြစ်နေပါတယ်။