ဆီးရီးယား မငြိမ်သက်မှု တပြည်လုံး ပျံ့လာ

  • 18 ဇွန် 2011
Syria ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားက မငြိမ်သက်မှုတွေ ပိုပြီး ကျယ်ပြန့် လာ

ဆီးရီးယားမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲတွေ ထပ်ဖြစ် ခဲ့ပြီး အရင် ငြိမ်သက် နေတဲ့ နေရာတွေကိုပါ ကူးစက် လာတဲ့ သတင်းတွေ ဆီးရီးယား ကနေ ရရှိပါတယ်။

ရဲတချို့ သေနတ်နဲ့ အပစ်ခံရပြီး တယောက် ကျတယ်လို့ အစိုးရ တရားဝင် မီဒီယာက ပြောပါတယ်။

တဘက်မှာ လုံခြုံရေး တာဝန် ယူထားသူတွေ ပစ်ခတ် မှုကြောင့် ဆန္ဒပြသူ အနည်းဆုံး ဆယ့်ခြောက် ယောက် သေဆုံးပြီး အများစုဟာ ဟွမ်းစမြို့မှာ ဖြစ်တာလို့ ဆန္ဒပြသူ တွေက ပြောပါတယ်။

ဒါပေမယ့် ဒီပြောကြားချက်တွေကို သီးခြား လွတ်လပ်တဲ့ အတည်ပြုနိုင်မှုမျိုးတော့ မရှိ သေးပါဘူး။

ဆီးရီးယား တနိုင်ငံလုံး နေရာ အနှံ့မှာ မငြိမ်မသက် ဖြစ်နေပြီဆိုတဲ့ သတင်းတွေ ထွက်နေပြီး အဲဒိထဲမှာ ခုထိ ငြိမ်နေတဲ့ မြို့တွေပါ ပါလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဆီးရီးယား သမ္မတ အာဆတ် အဝန်း အဝိုင်း ထဲက သူနဲ့ နီးစပ်သူ၊ သူနဲ့ ညီအကို ဝမ်းကွဲ တော်စပ်သူ တဦးဟာ စီးပွားရေး လုပ်ငန်း တချို့ကို စွန့်လွှတ် တယ်လို့ ကြေညာ ခဲ့ပြီး ဒါဟာ အစိုးရ ဘေးကြပ် နံကြပ် ဖြစ်လာတာကို ပြနေတယ်လို့ ဘီဘီစီ သတင်းထောက် သတင်း မှတ်ချက် ပေးပါတယ်။