ဆီးရီးယားတပ်ဖွဲ့တွေရဲ့ နောက်ထပ်စီးနင်းမှု

  • 18 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား အတော်များများဟာ တူရကီနိုင်ငံထဲ ဝင်ရောက် ခိုလှုံခဲ့ကြပါတယ်

ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှား အဲလ် အာဆတ် အစိုးရအပေါ် ဆန့်ကျင်နေမှု တွေကို နှိမ်နင်းဖို့ ကြိုးပမ်းချက် တရပ် အနေနဲ့ အစိုးရတပ်ဖွဲ့တွေဟာ နောက်ထပ် ရွာတရွာကို ဝင်ရောက် စီးနင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

တင့်ကားတွေနဲ့ စစ်သားတွေဟာ တူရကီနယ်စပ် အနီးက ဘဒက်မာရွာထဲကို စစ်သေနတ်တွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

တခြားသတင်းတပုဒ်မှာတော့ လူပေါင်း ၁၀၀ လောက် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လုံခြံရေးတွေ တပ်ဖွဲ့တွေက အနည်းဆုံး လူ ၁၉ ကို ပစ်သတ်ခဲ့တယ်လို့ အစိုးရ ဆန့်ကျင်လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံပိုင် မီဒီယာကတော့ ရဲသားတဦး သေဆုံးခဲ့ပြီး တခြား ရဲအတော်များများ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။