မြန်မာ့အရေးကုလထပ်ကြိုးပမ်းဖို့လို

  • 19 ဇွန် 2011
ban_ki_moon
Image caption မြန်မာ နိုင်ငံကို ရောက်ခဲ့ဖူးတဲ့ မစ္စတာ ဘန်ကီမွန်း

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရဲ့ ၆၆ နှစ် မြောက် မွေးနေ့ ပွဲတွေ ကျင်းပ နေကြတဲ့ မနေ့က ယူကေ က မြန်မာ့ အရေး လှုပ်ရှား နေတဲ့ Burma Campaign UK က ကုလသမဂ္ဂ အဖွဲ့ကြီးကို မြန်မာ နိုင်ငံမှာ နိုင်ငံရေး ပြဿနာ တွေ ဖြေရှင်း နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေး ရေးတွေ အကောင်အထည် ပေါ်လာ အောင် ထပ်ပြီး ကြိုး ပမ်း ဖို့ တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံ အရေး ဆောင်ရွက် နေရာမှာ အရင် အာဏာရှင် စနစ် နဲ့ အုပ်ချုပ်နေစဉ် က ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ တွေကနေ သင်္ခန်းစာ မယူနိုင် သေးဘူး လို့လဲ Burma Campaign UK က ဆိုပါတယ်။

Burma Campaign UK ရဲ့ အမှုဆောင် ဒါရိုက်တာ အာနာ ရောဘတ်စ်က တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ ပြည်သူ ပြည်သား တွေ အတွက် တဘဝလုံးကို မြုပ်နှံလို့ ကြိုးပမ်းနေ တဲ့အတွက် နိုင်ငံတကာက နေ လေးစား ဂုဏ်ပြုကြတဲ့ စကား လုံးတွေထက် ပိုပြီး လက်တွေ့ကျတဲ့ အားပေး ထောက်ခံမှုတွေ ရသင့် တယ်လို့ ထင်မြင် ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ပြောကြား ရာမှာတော့ အာနာ ရောဘတ်စ်က ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းရဲ့ စောင့်ကြည့် လေ့လာ တဲ့ ချဉ်းကပ် မှုက အရင်က ကုလသမဂ္ဂ ကြုံတွေ့ ခဲ့ရတဲ့ အာဏာရှင် စနစ် နဲ့ ဆက်ဆံရေး အတွေ့အကြုံတွေ ကနေ ဘာမှ သင်ယူ လေ့လာ ထားတာ မဟုတ် ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လဲ မစ္စတာ ဘန် အနေနဲ့ သူ ကိုယ်တိုင် ဒီ အရေးတွေ အတွက် ဦးဆောင်ပြီး ရည်ရွယ်ချက် ထား ၊ အချိန်အတိုင်း အတာ ချမှတ် ပြီး သေချာစွာ ဆောင်ရွက် သင့်ကြောင်းနဲ့ ပြော့ပြော့ ပြောင်းပြောင်း နဲ့သွားပြီး လုပ်နေလို့က ဒီ အာဏာရှင် စနစ် နဲ့ မဖြစ်ကြောင်း တွေကို ပြော သွားပါတယ်။