လစ်ဗျားအရပ်သားတွေ ထိနိုင်လို့ နေတိုးပြော

  • 20 ဇွန် 2011
tripoli_bombardeio ဓာတ်ပုံ မူပိုင် none
Image caption ထရစ်ပိုလီမှ အပျက်အဆီးများ

စနေနေ့က လစ်ဗျား နိုင်ငံ ထရစ်ပိုလီ မြို့တော်ကို လေကြောင်းက တိုက်ခိုက် ခဲ့စဉ်က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည် တစင်း ဟာ လမ်းကြောင်း လွဲပြီး အရပ် ဘက်ကို ကျရောက် ကောင်း ရောက်နိုင် လို့ အရပ် သား ပြည်သူ တွေမှာ အသက် ဆုံးရှုံး မှုတွေ ဖြစ်နိုင် လောက် တယ်လို့ နေတိုးက ဝန်ခံခဲ့ ပါတယ်။

လစ်ဗျား အာဏာ ပိုင်တွေကလဲ ဒီလက်နက် ထိမှန်ခဲ့တဲ့ နေရာတွေကို သတင်းထောက် တွေကို ခေါ်ယူ ပြသခဲ့ ပါတယ်။ အဲဒီ တိုက်ခိုက် မှုကြောင့် ကလေး ၂ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ရတယ် လို့လဲ ပြောပါတယ်။

နေတိုးရဲ့ ပြောခွင့်ရသူ အမျိုးသမီးက ပြောကြား ရာမှာ တော့ အဲဒီ လက်နက်မှာ တစုံတရာ ချို့ယွင်း မှု ဖြစ်သွား ခဲ့ပုံ ရတယ်လို့ ဆိုပါတယ်။ သူမက ပြောကြား ရာမှာ ပစ်လွှတ် ခဲ့တဲ့ ဒုံးလက်နက်ဟာ နဂို က ရည်ရွယ် ပစ်လွှတ်ခဲ့တဲ့ ထရစ်ပိုလီ မြောက်ပိုင်းမှာ ရှိတဲ့ မြေပြင်မှ ဝေဟင် ပစ်ဒုံးကျည်တွေ ရှိရာကို မကျရောက်ခဲ့ကြောင်း၊ တစုံတခု ချို့ယွင်း သွားခဲ့ကြောင်းနဲ့ ဒီလို ချို့ယွင်း ခဲ့မှုကြောင့် ကံအကြောင်းမလှ ပဲ အရပ်သားတွေ ကို ထိမှန် ကျရောက်ပြီး သေကြေ ဆုံးရှုံးမှု တွေ ရှိနိုင်ကြောင်း တွေကို ပြောသွား ပါတယ်။

နေတိုး ပြောခွင့် ရသူက ဘီဘီစီကို ပြောကြားရာမှာတော့ နေတိုး မဟာမိတ် လေယာဉ် မှူးတွေနဲ့ လေတပ်ဖွဲ့ ဝင်တွေ ဟာ ဒီလို တိုက်ခိုက်မှု တွေ လုပ်တိုင်း အထူး သတိထား ကြကြောင်းနဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်တွေက အရပ်သား တွေ နေထိုင်ရာမှာ လက်နက် တွေ ဖွက်ထား တတ်တဲ့ အတွက် တခါတရံတော့ အခက်အခဲ တွေနဲ့ ကြုံရကြောင်း တွေ ကို ပြောသွား ပါတယ်။