ရှန်ဟိုင်းမှာ လျှပ်စစ်မီး ခွဲတမ်း နဲ့သုံးရ

  • 20 ဇွန် 2011

တရုတ် နိုင်ငံမှာ လျှပ်စစ် ဓါတ်အား မလုံလောက်တဲ့ ပြဿနာကြောင့် လေအေး ပေးစက် အပါအဝင် လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကို ပေးနိုင်စွမ်း မရှိတဲ့ အတွက် နွေရာသီ အပူချိန် အဆမတန် တိုးမြင့်လာချိန်မှာ ရှန်ဟိုင်းမြို့က ရုံးတွေနဲ့ ရှော့ပင်း စင်တာ တွေကို ပိတ်ထားကြဖို့ ပြောထားတယ်လို့ တရုတ် အရာရှိတွေက ပြောပါတယ်။

Image caption စွမ်းအင် မလောက်လို့ ရှန်ဟိုင်းက ရှော့ပင်း စင်တာ ကြီးတွေကို မီးဖြတ် ရမယ်

အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် ထက် ပိုမြင့်တက် လာတာနဲ့ လျှပ်စစ် ဓါတ်အား ကို ခွဲတမ်းနဲ့ စတင် ဖြန့်ဝေ ပေးမှာ ဖြစ်ပါတယ်။

ရှန်ဟိုင်းက စက်ရုံတွေ နဲ့ စက်မှု လုပ်ငန်း ရှိရာ နေရာတွေမှာ အခု လောလောဆယ် လျှပ်စစ် ဓါတ်အား ဖြတ်တောက်မှု တွေကို ရင်ဆိုင် နေကြရပါတယ်။

စျေးဆိုင်တွေနဲ့ ရုံးတွေမှာ ဖြတ်တောက် တာကတော့ အခုမှ ပထမဆုံး အကြိမ် ဖြစ် ပါတယ်။

ကျောက်မီးသွေး စျေးနှုန်း ကြီးမားမှုနဲ့ မိုးခေါင်တဲ့ အတွက် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ဖို့ ရေ မလုံလောက်မှု တို့က နွေရာသီရဲ့ အပူဆုံး အချိန်မှာ တရုတ် နိုင်ငံက ပြည်နယ် ၁၀ ခုထက် မနည်းကို ထိခိုက် လိမ့်မယ်လို့ ယူဆရ ပါတယ်။