နောက်ဆုံး ရေးသားချိန် 20 ဇွန်လ 2011 - 17:32 GMT

ဒီမိုမိတ်ဆွေပါတီတွေ ပြည်ထောင်စုညီလာခံခေါ်

ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေကြတာနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ ၊ အဲန်ဒီအက်ဖ် နဲ့ ချင်း၊ကရင်၊မွန်၊ ရှမ်းမတဲ့ တိုင်ရင်းသားပါတီတွေ ပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဆွေ ၁၁ ပါတီက ဒီကတေ့ မွန်းလွဲပိုင်းမှာ အစည်းအဝေး ပြုလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရကနေဦးဆောင်ပြီး ပြည်ထောင်စု ညီလာခံတရပ်ခေါ်ဖို့ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်၊

ဒီလိုညီလာခံခေါ်ပြီး ဖြေရှင်းတာဟာ သူတို့အနေနဲ့ အကောင်းဆုံး နည်းလမ်းလို့ ယူဆပြီး အခုလို အကြံပြု တောင်းဆိုခဲ့တာ ဖြစ်ကြောင်းနဲ့ သူတို့ လိုချင်တာက ငြိမ်းချမ်းရေးဘဲ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

အခုဖြစ်ရပ်တွေအတွက် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာ အဓိက မဟုတ်ဘဲ နှစ်ဘက်စလုံး ငြိမ်းချမ်းရေးကို ရှာဖို့သာ အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တိုးတက်မှာ မဟုတ်သလို လူထုဘဲ ဒုက္ခရောက်မှာဖြစ်လို့ သူတို့အနေနဲ့ အခါမလပ် တောင်းဆိုနေမှာ ဖြစ်တယ်လို့ ဦးသုဝေက ပြောပါတယ်။

ဒီလိုတောင်းဆိုချက်တွေဟာ ၁၀စုနှစ်နဲ့ ချီကြာခဲ့ပေမယ့် မြန်မာအစိုးရအဆက်ဆက် က ပြည်တွင်းငြိမ်းချမ်းရေးကို အခုအချိန်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး၊

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။