အာဆတ် မိန့်ခွန်း အာခံပြီး ဆက်ဆန္ဒပြကြ

  • 20 ဇွန် 2011
Syria ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံလုံး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးဖို့ အာဆတ် မိန့်ခွန်းပြော

ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်က နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ တခု လုပ်မယ်လို့ မိန့်ခွန်း ပြောသွားပေမယ့် ဆီးရီးယားက နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောနေ ပါတယ်။

အာဆတ် မိန့်ခွန်း ပြောပြီး မိနစ်ပိုင်း အကြာ မှာဘဲ မြို့အတော်များများမှာ ဆန္ဒပြပွဲတွေ ထပ်ဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။

တက်ကြွ လှုပ်ရှားသူတွေရဲ့ ပြောခွင့်ရသူ တယောက်က သူတို့ဟာ ခုဆိုရင် ပြုပြင် ပြောင်းလဲ ရေးလောက်သာ တောင်းဆို နေတာ မဟုတ်တော့ဘဲ အစိုးရ အပြောင်းအလဲကို တောင်းဆို နေပြီလို့ ပြောပါတယ်။

တဘက်မှာ သမ္မတ အာဆတ်ရဲ့ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ် တယောက်က သူ့မိန့်ခွန်း အပြီးမှာ ဆီးရီးယား နိုင်ငံသား အများအပြား လမ်းပေါ် ထွက်လာပြီး သူ့မိန့်ခွန်းကို ထောက်ခံ ဆန္ဒ ပြခဲ့တယ်လို့ ပြောပါတယ်။