တူနီးရှား သမ္မတဟောင်း မျက်ကွက် စီရင်ချက်ချ

  • 20 ဇွန် 2011
Ben Ali and wife ဓာတ်ပုံ မူပိုင် Getty
Image caption မျက်ကွယ် စီရင်ချက် ချခံရတဲ့ သမ္မတဟောင်းနဲ့ ဇနီး

ဖြုတ်ချခံ တူနီးရှား သမ္မတဟောင်း ဘင်အာလီနဲ့ သမ္မတ ကတော်ဟောင်း လေလာ ထရက်ဘယ်စီ တို့ကို တူနီးရှား တရားရုံးက ထောင်ဒဏ် ၃၅ နှစ်စီ ကျခံဖို့ မျက်ကွက်မှာ စီရင်ချက် ချခဲ့ပါတယ်။

သူတို့ကို ငွေသားနဲ့ လက်ဝတ် ရတနာတွေ ခိုးယူမှု၊ တရားမဝင် ပိုင်ဆိုင်မှုနဲ့ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ် အပြင် ငွေဒဏ် အဖြစ် အမေရိကန် ဒေါ်လာ ခြောက်ဆယ့် ငါးသန်းကျော် ပေးဆောင်ဖို့လည်း တရားရုံးက အမိန့် ချပါတယ်။

သူတို့ အမှုကို စစစ်ပြီး တရက် အတွင်းမှာ စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဘင်အာလီရဲ့ ရှေ့နေကတော့ ခုစီရင်ချက်ဟာ နိုင်ငံရေး အရ တွက်ချက်ပြီး ချခဲ့တဲ့ စီရင်ချက်လို့ ပြောပြီး ဟာသမြောက်တဲ့ စီရင် ချက်လို့ ခေါ်ဆိုခဲ့ပါတယ်။

လောလောဆယ်မှာ ဘင်အာလီတို့ လင်မယားဟာ ဆော်ဒီအာရေဗျ နိုင်ငံမှာ ခိုလှုံနေပြီး ဆော်ဒီ အာရေဗျ နိုင်ငံက သူတို့ကို လွှဲပေးဖို့ ဖြစ်နိုင်ချေ နည်းတယ်လို့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။