ဝင်ဘယ်လ်ဒန် တင်းနစ် စပြီ

  • 20 ဇွန် 2011

ဗြိတိန် နိုင်ငံ လန်ဒန် မြို့တော်မှာ ဝင်ဘယ်လ်ဒန် တင်းနစ် ပြိုင်ပွဲ စတင် ပါပြီ။

ဓာတ်ပုံ မူပိုင်
Image caption ဝင်ဘယ်လ်ဒန် အဖွင့် နေ့မှာ အင်ဒီမာရေး ကစားနေ

အမျိုးသား ပွဲစဉ်တွေမှာ လက်ရှိ ဝင်ဘယ်လ်ဒန် တင်းနစ် ချန်ပီယံ ကမ္ဘာ့ နံပါတ် ၁ ရဖာရယ်လ် နဒါးလ် (Rafael Nadal) နဲ့ နံပါတ် ၉၁ နေရာမှာ ရှိတဲ့ အမေရိကန်က မိုက်ကယ်လ် ရပ်ဆဲလ် (Michael Russel) တို့ ယှဉ်ပြိုင် ခဲ့ကြ ရာမှာ ရဖာရယ်လ် နဒါးလ်က သုံးပွဲပြတ်နဲ့ အနိုင်ရခဲ့ ပါတယ်။

ပထမ ပွဲမှာ နဒါးလ်က ၂-၄ နဲ့ ရှုံးနေရာကနေ နောက်ပိုင်း ၆-၄၊ ၆-၂၊ ၆-၂ နဲ့ ဆက်တိုက် အနိုင်ရသွားခဲ့တာပါ။

ဒုတိယ ပတ်လည်ပွဲမှာတော့ ပက်ဘလို အင်ဒူဂျာနဲ့ ရိုင်ယန် ဆွိတင်း တို့ ပြိုင်ဘက် နှစ်ယောက်ထဲက အနိုင်ရသူနဲ့ နဒါးလ်း ပြိုင်ရမှာ ဖြစ်ပါတယ်။

ဗြိတိန်က နံပတ် ၁ အန်ဒီ မာရေးက တော့ စပိန်က ဒန်နီရယ်လ် ဂီမိနို ထရယ်ဗာနဲ့ ကစားရမှာပါ။

တရုတ် နိုင်ငံ မှာတော့ အခုလ စောစောပိုင်းက ပြင်သစ် တင်းနစ် အိုးပင်း ပြိုင်ပွဲ အမျိုးသမီး ပွဲစဉ်မှာ ဗိုလ်စွဲခဲ့တဲ့ လီနာ ကို အားပေးရင်း လူသန်း ၁၀၀ လောက် အဲဒီ ပွဲကို ကြည့်ကြလိမ့်မယ်လို့ ယူဆနေကြ ပါတယ်။

တင်းနစ် ဂရင်း ဆလမ်း ပြိုင်ပွဲမှာ အာရှတိုက်က နေ ပထမဆုံး ဗိုလ်စွဲခဲ့သူ လီနာ နဲ့ ဘီဘီစီ မေးမြန်းခန်းမှာ သူ့ရဲ့ အောင်မြင်မှုကြောင့် တရုတ် နိုင်ငံရဲ့ တင်းနစ် ကစားသမားတွေ ကို အားတက် နိုင်စေ လိမ့်မယ်လို့ မျှော်လင့်ကြောင်း လီနာက ပြောပါတယ်။