ဆီးရီးယားမှာ နှစ်ဘက်ဆန္ဒပြသူများ အဓိကရုဏ်းဖြစ်

  • 21 ဇွန် 2011
Syria ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားသမ္မတကို ထောက်ခံသူများ

ဆီးရီးယားနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ သမ္မတ ဘာရှား အယ်လ် အဆတ်ကို ထောက်ခံသူတွေကြား အဓိကရုဏ်းဖြစ်လို့ အနည်းဆုံး လူ သုံးဦး သေဆုံးသွားတယ်လို့ ဆီးရီးယားကလာတဲ့ သတင်းတွေအရ သိရပါတယ်။

သေကြေမှုဖြစ်တဲ့ မြို့တွေကတော့ ဟွမ်းစ်မြို့နဲ့ ဒေအာ အယ်လ်ဇောမြို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စောစောပိုင်းတုန်းကတော့ ဆီးရီးယားက မြို့ကြီးတွေမှာ သမ္မတကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေကို ဆီးရီးယားအစိုးရရဲ့ ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

ဒါဟာ အစိုးရရဲ့ ဝါဒဖြန့်ချိရေး အစီအစဉ်တစ်ရပ်အဖြစ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေသတွင်းက ဘီဘီစီ သတင်းထောက် တစ်ဦးက ပြောပါတယ်။

သမ္မတ အဆတ်ဟာ ဇွန်လ ၂၀ ရက် မတိုင်ခင် ရာဇဝတ် ပြစ်ဒဏ်ကျသူတွေကိုလည်း အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးကြောင်းလည်း အစိုးရမီဒီယာတွေမှာ ဖော်ပြပါတယ်။