အစိုးရ ဝေဖန်တဲ့ အိုင်ဝေဝေ ပြန်လွှတ်လာပြီ

  • 22 ဇွန် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်လွတ်လာတဲ့ Ai Weiwei

တရုတ် နိုင်ငံက အကျော်အမော် အနုပညာရှင် တယောက်ဖြစ်တဲ့ အိုင်ဝေဝေဟာ နှစ်လကျော် ကြာ ထိန်းသိမ်းခံရပြီးတဲ့နောက် ပြန်လွှတ်လာပါပြီ။

တရုတ်အစိုးရ အာဘော် သတင်းမှာတော့ သူဟာ အခွန်တိမ်းရှောင်မှု လုပ်ခဲ့တာကို ဝန်ခံ ခဲ့ပြီး ဒီငွေတွေ ပြန်ပေးဆပ်ပါ့မယ်လို့ ဂတိပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဘီဘီစီက ဆက်သွယ် မေးမြန်း ကြည့်တဲ့အခါ မစ္စတာ အိုင်ဝေဝေက အာမခံနဲ့ လွတ်မြောက် လာပြီး အိမ်ရောက်နေပြီး ဖြစ်ကြောင်းနဲ့ နေထိုင်ကောင်းကြောင်း ပြောကြားခဲ့ပေမယ့် မီဒီယာကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။

သူဟာ တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန် ပြောကြားခဲ့ တာကြောင့် ဧပြီလတုန်းက ဘေဂျင်း လေဆိပ် အရောက်မှာ ရဲတွေ ဖမ်းဆီးကာ သူ့ရှေ့နေ နဲ့တောင် တွေ့ခွင့် မရခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဝေဖန်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီး နှိမ်နင်း နေရာမှာ အိုင်ဝေဝေ တယောက်လည်း အလားတူ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတွေက ပြောပါတယ်။