အာဖဂန်က အမေရိကန် တပ်တွေ ရုတ်သိမ်းတော့မယ်

  • 22 ဇွန် 2011
Image caption သမ္မတ အိုဘားမားနဲ့ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ်

အမေရိကန် သမ္မတ အိုဘားမားက ဒီနှစ်ကုန်မှာ အာဖဂန် နစ္စတန်က အမေရိကန်တပ်သား တစ်သောင်း ရုတ်သိမ်းမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

သူ့ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ လာမယ့် ၂ဝ၁၂ စက်တင်ဘာလမှာ နောက်ထပ် တပ်ဖွဲ့ဝင် နှစ်သောင်းသုံးထောင် ထပ်ရုတ်မယ့် အကြောင်း ထည့်သွင်း ပြောကြားခဲ့ ရပါတယ်။

စုစုပေါင်း တပ်ရုတ်မယ့် အရေအတွက်ဟာ ထင်ထားတာထက် များနေပြီး ၂ဝဝ၉ခုနှစ် တုန်းက တပ်တွေ စေလွှတ်ခဲ့တဲ့ နောက်ပိုင်း မစ္စတာ အိုဘားမား အနေနဲ့ တာလီဘန် တွေ အယ်ကိုင်းဒါးတွေကို နှိမ်နင်းမှုမှာ လုံလောက်တဲ့ တိုးတက်မှုတွေ ရှိနေပြီလို့ ယုံကြည် နေကြောင်းကို ဒီတပ်ရုတ်သိမ်းမှုက ပြနေတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ပင်တာဂွန်က အမေရိကန် စစ်တပ်ကတော့ တပ်ရုတ်သိမ်းမှုကို ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။