ဥရောပတိုက် မြေ​ပုံပေါ်​မှာ မ​ရှိ​လို့​ဆို

  • 22 ဇွန် 2011

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ် မိုအယ်လမ်းက ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေဟာ ဥရောပနိုင်ငံတွေက ဝန်ကြီး တွေရဲ့ အကွက်ချ စီမံမှုတွေကြောင့် ဖြစ်ရတာလို့ စွပ်စွဲပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူများ

ကမ္ဘာ့မြေပုံပေါ်မှာ ဥရောပတိုက် ရှိနေတာကို မေ့ထားရမယ်၊ ဆီးရီးယားကို ထောက်ခံတဲ့ အရှေ့နဲ့ တောင်ဘက် ဒါမှမဟုတ် ဘယ်ဘက်ကို မဆို လှည့်မယ်၊ ကမ္ဘာကြီးဆိုတာ ဥရောပတိုက် တခုထဲ မဟုတ်ဘူးလို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အီးယူက ဆီးရီးယားအပေါ် ပိတ်ဆို့မှုတွေ လုပ် တာဟာ ဆီးရီးယားကို စစ်တိုက်နေတာပဲလို့ ပြော ပါတယ်။ ဆီးရီးယား သမ္မတနဲ့ အစိုးရ ဝန်ကြီး တွေနဲ့ ပတ်သက်တဲ့ လူတွေနဲ့ လုပ်ငန်း တွေအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ ဥရောပသမဂ္ဂဝန်ကြီးတွေ ဆွေးနွေးခဲ့မှု အပေါ်မှာ ဆီးရီးယား ဝန်ကြီးရဲ့ အထက်ပါ ပြောဆိုမှု ထွက်လာခဲ့တာ ဖြစ်ပါတယ်။