ဘီ⁠ဘီ​စီ အာ​ရ​ဗစ်​ဌာန ရန်​ပုံငွေထပ်ရ

  • 22 ဇွန် 2011

ဒီနှစ်အစောပိုင်းက အသုံးစရိတ်ငွေ လျှော့ချဖြတ်တောက်ခံခဲ့ရတဲ့ ဘီဘီစီမြန်မာ ပိုင်း ဌာနပါဝင်တဲ့ ဘီဘီစီကမ္ဘာတလွှားအသံအလွှင့်ဌာနကို နောက်တိုးရန်ပုံငွေ ပေးမယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လက်ရှိ ဘာသာစကားဌာန ၂၇ ခု ရှိသေးတဲ့ မြန်မာဌာနပါတဲ့ ဘီဘီစီကမ္ဘာတလွှားဌာနလိုဂို

အခု ထပ်ပေးမယ့် ရန်ပုံငွေသစ်က ဘီဘီစီ အာရဗစ်ဌာနအတွက် အဓိက သုံးစွဲဖို့ ရှိပါတယ်။ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက က လူထုလှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ အာရဗစ်ဌာနဟာ အဲဒီဒေသအတွက် အရေးကြီးကြောင်း ပြဆိုလိုက်တာလည်း ဖြစ် တယ်လို့ နိုင်ငံခြားရေးရုံးက သုံးသပ်ပါတယ်။

အာရဗစ်ဌာနလိုပဲ ဟင်ဒီနဲ့ ဆိုမာလီဌာနတွေ ကလည်း ရန်ပုံငွေတွေ နည်းနည်းထပ်ရဖို့ ရှိပါတယ်။ ရန်ပုံငွေ နောက်တိုးရပေမယ့်လို့ တနှစ်ကို အသုံးစရိတ် အမေရိကန် ဒေါ်လာ သန်း ၇၀ လောက် ဖြတ်တောက်ရမှာပဲလို့ ဘီဘီစီ ကမ္ဘာ့တလွှား သတင်းဌာနက ပြောပါတယ်။