ထိုင်းဝန်ကြီးချုပ် အဖိစစ်မဲဆွယ်ပွဲစ

  • 23 ဇွန် 2011
တိုင်းပြည်ကို မိန့်ခွန်းပြောနေတဲ့ အဖိစစ်
Image caption တိုင်းပြည်ကို မိန့်ခွန်းပြောနေတဲ့ အဖိစစ်

ပြီးခဲ့တဲ့နှစ်က အစိုးရ နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ရှပ်နီ တွေ သပိတ်စခန်းဖွင့်ခဲ့တဲ့ ဘန်ကောက်မြို့ ရတ်ချ်ပစုမ် အရပ်မှာ ဒီမိုကရက်တစ်ပါတီဥက္ကဌ ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့တ်ချားချီဝါ့ဟာ ကြာသပတေး ညပိုင်းမှာ ရွေးကောက်ပွဲ မဲဆွယ် ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှပ်နီတွေရဲ့ သပိတ်စခန်းကို ဖြိုခွင်းရာမှာ လူပေါင်း ၉၁ ဦးသေဆုံးခဲ့ တဲ့နေရာဖြစ်တာကြောင့် ရှပ်နီတွေဟာ မကြာခဏ ဆိုသလို ဒီနေရာမှာ နိုင်ငံရေး လှုပ်ရှာမှုစုရုံးလေ့ရှိပါတယ်။

အဖိစစ်က ဒီနေရာကို ပထမဆုံးအကြိမ် နိုင်ငံရေးအရ အသုံးပြုတာဖြစ်ပြီး ဒီနေရာဟာ အများပိုင်တဲ့နေရာဖြစ်တယ်အဖွဲ့အစည်းတခုကပိုင်တာမဟုတ်ဘူး သူ့အနေနဲ့ မဲရရှိဖို့ထက် ဖြစ်ရပ်မှန်ကို ရှင်းပြဖို့ဒီနေရာကို ရွေးတာလို့ ဘီဘီစီကိုပြောသွားပါတယ်။

ဒီမဲဆွယ်ပွဲကို လုံခြုံရေး အပြည့်စုံချထားပြီး ထောက်ခံသူ၅၀၀၀ ကျော်တက်ရောက် ကြပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ပြုလုပ်မယ့် ထိုင်းနိုင်ငံကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ရဲ့ညီမ ယင့်ရတ်က် ဦးဆောင်တဲ့ ဖုယာထိုင်း ပါတီက မဲအများဆုံးရမယ်လို့ အကြိုစစ်တမ်းတွေက ဖေါ်ပြနေပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ လွှတ်တော်အမတ် အယောက် ၅၀ဝ ရွေးချယ်ရမှာဖြစ်တယ်။ အခုချိန်အထိ တော့ ပါတီတခုခုက အဖြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထား မရှိသေးဘဲ တခြားပါတီတွေနဲ့ စုပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ရမယ့် အနေအထားဘဲ ရှိနေပါတယ်။ ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိနေတဲ့ စစ်တပ်ကတော့ ဒီမိုကရက် ပါတီဦးဆောင်တဲ့ လက်ရှိညွှန့်ပေါင်းအစိုးရကိုဘဲ လက်ခံထားတဲ့ အနေအထားမျိုး မကြာခဏ ထုတ်ဖေါ်ပြောဆိုနေပါတယ်။