မန္တ‌လေးမြို့လယ် ကားဗုံးပေါက်ကွဲ

  • 24 ဇွန် 2011
Mandalay blast ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဗုံးကွဲမှု ကြောင့်ပျက်စီးသွားတဲ့ ကား

ဒီကနေ့ ၁၂နာရီခွဲလောက်က မန္တလေးမြို့လယ် ဈေးချိုတော်ရှေ့ ဂ၄လမ်းပေါ်၂၇နဲ့၂၈ လမ်းကြားမှာ ကားဗုံးပေါက်ကွဲတယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

အင်တာနက်က ဝင်ရောက်တဲ့ သတင်းဓါတ်ပုံတွေအရ ကာဗုံးအရှိန်ပြင်းထန်မှုရှိတာ တွေ့ရပါတယ်။လူနှစ်ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတော့ အတည်ပြုလို့မရသေးပါဘူး။

အလားတူ နေပြည်တော် ပြင်ဦးလွင်မြို့တွေမှာလည်း ဗုံးပေါက်ကွဲတဲ့သတင်းတွေ ရရှိပြီး ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။