အာဖဂန်က ဆေးရုံတခု ဗုံးခွဲတိုက်ခိုက်ခံရ

  • 25 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အပျက်အဆီးတွေ အောက်မှာ အသက်ရှင် ကျန်ရစ် သူတွေကို စစ်သားတွေ ရှာဖွေ

အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း လောဂါ ပြည်နယ်က ဆေးရုံတခု ဗုံးခွဲ တိုက်ခိုက်ခံ ရ တဲ့တွက် ဆေးရုံပြိုကျ ပျက်ဆီးပြီး၊ လူနာ တွေ ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါ အဝင် လူအတော်များများ သေဆုံးသွား ပါတယ်။

သေဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ခန့်မှန်းခြေအရေတော့ လူ ၂၀ ကနေ ၆၀ လောက် သေဆုံးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ လူပေါင်း ၁၀၀ ကျော်လည်း ဒဏ်ရာရရှိသွားကြပါတယ်။

အာဖဂန်စစ်သားတွေဟာ အပျက်အဆီးတွေ အောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလို ရှိငြား ရှာဖွေနေကြပါတယ်။

တာလီဘန်တွေကတော့ အခုလို အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုး သူတို့ မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

အာဖဂန် ထောက်လှမ်းရေး အရာရှိတွေ အပြောအရ၊ တိုက်ခိုက်မှုဟာ ဆေးရုံကို ပစ်မှတ် ထားတာ မဟုတ်နိုင်ကြောင်း၊ ဒါပေမယ့် ရဲက လိုက်တဲ့အချိန်မှာ အသေခံ ဗုံးခွဲသမား ဟာ သူ့ကားကို ဖေါက်ခွဲလိုက်တာလို့ ဆိုပါတယ်။