အောက်လွှတ်တော် စိန်ခေါ်မှု အိုဘားမားကို စိတ်ကသိကအောက် ဖြစ်စေ

  • 25 ဇွန် 2011
Image caption အမေရိကန် ကွန်ဂရက် အဆောက်အအုံ

လစ်ဗျားနိုင်ငံကို စစ်ဆင် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တနှစ်ကြာမယ့် စီမံချက် ဥပဒေကြမ်း ကို အမေရိကန် အောက် လွှတ်တော်က အတည်မပြုဘဲ ငြင်းပယ် လိုက်တာ ဟာ ထူးထူးခြားခြား ဆန့်ကျင်ပြ လိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယ ဥပဒေကြမ်း ဖြစ်တဲ့ လစ်ဗျား စစ်ဆင်ရေးမှာ ငွေကြေး ထောက်ပံ့ပေးဖို့ အကန့်အသတ်ထားရမယ် ဆိုတဲ့ အချက်ကို လည်း အောက်လွှတ်တော်က ပယ်ချ ခဲ့ ပြန်ပါတယ်။

လစ်ဗျားက နေတိုးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ အမေရိကန် ပါဝင် နေမှုနဲ့ ပတ်သက်ပြီး အခု မဲခွဲ ဆုံးဖြတ်မှုတွေက ဘယ်လိုမှ အကျိုး သက်ရောက် ထိခိုက်စေမှာ မဟုတ်ပေ မယ့် အခုလို လွှတ်တော် ရဲ့ စိန်ခေါ်မှုက သမ္မတ အိုဘားမား အတွက်တော့ စိတ် ကသိကအောက် ဖြစ်စရာ ပဲ လို့ ဝါရှင်တန် က ဘီဘီစီ သတင်းထောက် တယောက်က ပြော ပါတယ်။