တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ ပြန်လွတ်

  • 26 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP
Image caption မီဒီယာတွေနဲ့ စကားပြောခွင့် တားမြစ်ထားပြီး၊ သူ့အိမ်ကိုလည်း အကြီးအကျယ်စောင့်ကြည့်နေ

တရုတ်နိုင်ငံမှာ နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံခဲ့ရတဲ့ အထင်ကရ လူ့အခွင့်အရေး လှုပ်ရှားသူ ဟူဂျားဟာ ပြစ်ဒဏ်ပြည့်လို့ အခု ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ဒါပေမယ်လို့ သူ့ကို သတင်းမီဒီယာတွေနဲ့ စကားပြောခွင့် တားမြစ်ထားပြီး၊ သူ့အိမ်ကို လည်း အာဏာပိုင်တွေက အကြီးအကျယ် စောင့်ကြည့်နေကြပါတယ်။

မစ္စတာဟူ ထောင်မကျခင်တုန်းက သူဟာ HIV လူနာတွေ အတွက် စည်းရုံးလှုံ့ဆော် ပေးရင်း တရုတ်အစိုးရကိုလည်း ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအတွက် လှုပ်ရှားသူ အထင်ကရ ပန်းချီဒီဇိုင်း ဆရာ အိုင်ဝေဝေကို ပြန်လွှတ် ပေးခဲ့ပြီး ရက်ပိုင်းမှာပဲ အခုလို မစ္စတာ ဟူကို ပြန်လွှတ်ပေးလိုက်တာပါ။

အိုင်ဝေဝေကိုလည်း မီဒီယာနဲ့ မတွေ့ရဘူးဆိုတဲ့ အလားတူ တားမြစ်မှုတွေ ပြုလုပ်ထား ပါတယ်။

အာရတ်ကမ္ဘာက မငြိမ်မသက်ဖြစ်မှု ဂယက်ဟာ တရုတ်နိုင်ငံကိုလည်း ရိုက်ခတ်လာ နိုင်တဲ့ အတွက် တရုတ်အာဏာပိုင်တွေဟာ အစိုးရကို ဆန့်ကျင် ဝေဖန်သူတွေအပေါ် ဖိနှိပ်မှုတွေ အကြီးအကျယ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။