မြို့တော်ကို ချီတက်ဖို့ ပြင်နေတဲ့ သူပုန်တွေ

  • 27 ဇွန် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရတပ်တွေကို ပြန်တိုက်နေတဲ့ သူပုန်တွေ

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက သူပုန်တွေက မြို့တော် ထရစ်ပိုလီ ဆီကို ချီတက်သွားဖို့ စံနစ်တကျ စုစည်းနေပြီလို့ ပြောပါတယ်။

သူပုန်တွေဟာ ဇွန်လ အစောပိုင်းတုန်းက Nafusa နာဖူဆာ တောင်တန်းတွေပေါ်မှာ ခြေကုပ်ယူ ထားရာက ဆုတ်ခွာခဲ့ပြီး အခုတော့ တရစ်ပိုလီ မြို့ကနေ ကီလို ၅ဝလောက် အကွာမှာ ဗိုလ်မှူးကြီး ကဒါဖီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေကို ရောက်သွားခဲ့တဲ့ ဘီဘီစီ သတင်းထောက် အပြောအရ သူပုန်တွေရဲ့ တပ်ဦးဟာ ကဒါဖီတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်တာကို ခံနေရတယ်လို့ ဆိုပါတယ်။

လစ်ဗျား အစိုးရ တပ်တွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် အနည်းဆုံး သူပုန်နှစ်ယောက် သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။