နိုင်ဂျီးယား ဗုံးပေါက်ကွဲ လူ၂၅ယောက် သေဆုံး

  • 27 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ဂျီးယားက ဗုံးပေါက်ကွဲမှု

နိုင်ဂျီးရီယား နိုင်ငံ မြောက်ပိုင်းက မိုင်ဒူဂရီ မြို့မှာ ခွဲထွက်ရေး အုပ်စု အစ္စလာမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၅ယောက် သေဆုံး သွားတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

မော်တော် ဆိုင်ကယ် စီးလာသူ နှစ်ယောက်က လူစုလူဝေး ရှိရာ အမိုးပွင့် လေဟာပြင်မှာ ရောင်းတဲ့ ဘီယာ ဥယျာဉ်ကို ဗုံးနဲ့ ပစ်ပေါက် ဖောက်ခွဲခဲ့တာလို့ သိရပြီး Boko Haram အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း ဒီအဖွဲ့ ကဘဲ အဘူဂျာမြို့က ရဲချုပ် အဆောက်အအုံတွေကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။