လစ်ဗျား ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ပြီ

  • 27 ဇွန် 2011
Gadafi ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီနဲ့ သူ့သားဖြစ်သူ ကို ICC ကအလို ရှိနေ ပါတယ်

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကို ဖမ်းဆီးဖို့ အတွက် ICC နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး က ဝရမ်း ထုတ်လိုက် ပါတယ်။

ဖေဖော်ဝါရီ လတုန်းက စတင်ခဲ့တဲ့ လူထု အုံကြွမှု တွေအပေါ် အစိုးရ လုံခြုံရေး တပ်တွေက လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုမျိုး တွေနဲ့ တုန့်ပြန် အရေးယူ ခဲ့တဲ့ ကိစ္စတွေ အတွက် ဗိုလ်မှူးကြီး ကဒါဖီမှာ တာဝန်ရှိတယ်လို့ ICC တရားရုံးက ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားဖြစ်သူ Saif နဲ့ ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ Abdullah al-Sennoussi တို့ကို လည်း ဖမ်းဝရမ်းတွေ အသီးသီး ထုတ်ထား ပါတယ်။

လစ်ဗျား မြို့တော် Tripoli ဆီကို သူပုန် တပ်ဖွဲ့တွေက စစ်ဆင်မှု အသစ် စတင် လာချိန်မှာ ခုလို ကြေညာချက် ထွက်လာတာပါ။

ထရီပိုလီ မြို့ရဲ့ အနောက်တောင် ဖက်မှာ ရှိတဲ့ Bair al-Ghanam မြို့ ဆင်ခြေဖုံး အရပ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတယ်လို့လည်း သူပုန် တပ်ဖွဲ့တွေ ဖက်က ပြောခွင့်ရသူ တဦးက ဆိုပါတယ်။