သက်ဆင်ပြန်လာရင် မငြိမ်မသက်ဖြစ်မှာ အဖိစစ်စိုးရိမ်

  • 27 ဇွန် 2011
ထိုင်းအတိုက်အခံ ပါတီခေါင်းဆောင်ရင်လတ် ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းအတိုက်အခံ ပါတီခေါင်းဆောင်ရင်လတ်

လာမဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် အဖိစစ်ရဲ့ ဒီမိုကရက်ပါတီ ရှုံးနိုင်တယ် ဆိုတာ အဖိစစ်က ဝန်ခံလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ညီမ ရင်လတ် ခေါင်းဆောင်တဲ့ ဖုယာထိုင်း ပါတီအနိုင် ရနိုင်တယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။

ဘီဘီစီရဲ့တွေ့ဆုံမေးမြန်းခန်းမှာ အဖိစစ်က လာမဲ့ဇူလိုင်၃ရက်နေ့ကျရင် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို သူတို့ပါတီက လက်ခံမှာဖြစ်သလို ရှပ်နီတို့ဖက်ကလည်း လိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။ လက်ရှိ ရင်လတ်တို့ရဲ့မဲဆွယ်မှုတွေကို ပြည်ပကနေ သက်ဆင်က ညွှန်ကြားနေတယ်လို့လည်းပြောပါတယ်။

သက်ဆင်ဘက်ကတော့ သူဟာပါတီမှာ ဝါရင့်တယောက်ဖြစ်လို့ အကြံပေးတာ မူဝါဒချတာတွေလုပ်ကြောင်းဘီဘီစီကိုပြောပါတယ်။

တကယ်လို့ အတိုက်အခံပါတီက အနိုင်ရမယ်ဆိုရင် ပြည်ပရောက်သက်ဆင်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးပြန်လာခွင့်ပြုနိုင်ပါတယ်။

သက်ဆင်ပြန်လာမယ်ဆိုရင် တိုင်းပြည်ပြန်မငြိမ်မသက် ဖြစ်နိုင်လို့ လူတယောက် အကျိုးထက် တိုင်းပြည်အကျိုးစီးပွားကိုကြည့်ဖို့လိုတယ်လို့ အဖိစစ်က ပြောသွားပါတယ်။