ကာ​ဘူး​က နာ​မည်ကျော်​ဟိုတယ် တာ​လီ​ဘန်တိုက်

  • 29 ဇွန် 2011

မနေ့ညက အာဖဂန်နစ္စတန်မြို့တော် ကာဘူးက နာမည်ကျော် ဟိုတယ်တခုကို တာလီဘန် တွေက စီးနင်း တိုက်ခိုက်ခဲ့ တာကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုးက တာလီဘန်ကို သတ်ပြီး ပြန်ယူခဲ့တဲ့ ကာဘူးက ဟိုတယ်

လုံခြုံရေးအစောင့်အကြပ်တွေ ထူထူထဲထဲ ချထားတဲ့ ဟိုတယ်ပေါက်ဝမှာ အသေခံ ဗုံးခွဲသူ တဦးက ဗုံးခွဲလိုက်ပြီး နောက်မှာ တာလီဘန်က ဝင်စီးခဲ့တာ ဖြစ်ပါတယ်။

နောက် ငါးနာရီအကြာမှာတော့ ဟိုတယ် ခေါင်မိုးကနေ ပစ်ခတ်နေတဲ့ သေနတ် သမား တွေကို နေတိုး ရဟတ်ယာဉ် တစီးက ပစ်သတ်နိုင်ခဲ့ ပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်သူတဦးကတော့ ဟိုတယ်အခန်းတခန်းရှေ့မှာ ဗုံးခွဲလိုက်လို့ ရဲနှစ်ဦးနဲ့ စပိန်ဧည့်သည်တဦး သေဆုံးသွားပါတယ်။

အာဖဂန်လုံခြုံရေးအဖွဲ့ဝင်တွေကတော့ တာလီဘန်လက်ကျန်တွေများ ရှိဦးမလားလို့ အခုဆိုရင် ဟိုတယ်အခန်းတိုင်းကို ပိုက်စိတ်တိုက် လိုက်ရှာနေကြပါတယ်။

အခုစီးနင်းမှုကြောင့် တာလီဘန် ၉ ဦး သေဆုံးသွားပြီး ဒီစီနင်းမှုမှာ တာလီဘန်တွေရဲ့ အကွက်ချစီစဉ်မှု ဖြစ်တယ်လို့ ရဲအရာရှိကြီး တဦးက ပြောပါတယ်။

အဲဒီဟိုတယ်မှာပဲ ကျင်းပနေတဲ့ အာဖဂန်လုံခြုံရေးကို အာဖဂန်တပ်ဖွဲ့ဝင်တွေက လွှဲပြောင်း ရယူရေး ကွန်ဖရင့်မှာတော့ တာဝန် လွှဲပြောင်း ရယူရေး အကြီးအကဲ အာရှက်ဖ် ဂန္နီ အာဖက်ဇိုင် ကတော့ အာဖဂန် လုံခြုံရေးကို သူတို့ လုပ်နိုင်မယ်လို့ ပြောပါတယ်။

လုံခြုံရေးတာဝန်လွှဲပြောင်းရယူရေးကိစ္စ အောင်မြင်သွားပါလိမ့်မယ်၊ ကိုယ့်ပြည်ကို ကိုယ် အသက်အသေခံ စောင့်ရှောက်ဖို့ အာဖဂန်တွေဟာ အသင့်ရှိနေပြီ လို့ မစ္စတာ အာမက်ဇိုင်က ပြောပါတယ်။