အသုံးစရိတ်​လျှော့​ဖို့ ဂ​ရိ​ပါ​လီ​မန်ဆုံးဖြတ်

  • 29 ဇွန် 2011

ဂရိပါလီမန်အမတ်အများစုက အစိုးရအသုံးစရိတ်လျှော့ချရေးကို ထောက်ခံမဲပေးလို့ အတည်ပြုလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိပါလီမန်ရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေ ထိပ်တိုက်ရင်ဆိုင်တိုးခဲ့

နိုင်ငံတကာမြီရှင်တွေက အစိုးရအသုံးစရိတ် တွေ လျှော့ချမှ နောက်ထပ်ဘဏ္ဍာရေး ထောက်ပံ့မှုတွေပေးမယ်လို့ ပြောခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂရိနိုင်ငံက ပါလီမန်အပြင်ဘက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် ရင်ဆိုင်နေတာမှာ တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။