IMF အကြီးအကဲသစ် ခန့်အပ်

  • 29 ဇွန် 2011
Ms Lagarde ဓာတ်ပုံ မူပိုင် AFP
Image caption Ms Lagarde ရဲ့ ၅နှစ်သက်တမ်း ရာထူးကို ဂျူလိုင်လ ၅ရက်နေ့မှာ စဖို့ရှိ

IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့က ဦးဆောင် ညွှန်ကြားရေးမှူး သစ် အဖြစ် လက်ရှိ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး Christine Lagarde ကို ခန့်အပ်လိုက် ပါတယ်။

မက္ကဆီကို နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး August Carstens နဲ့ ယှဉ် အရွေးခံခဲ့သူ Ms Lagarde ကို IMF ဘုတ်အဖွဲ့အတွင်း တညီ တညွတ်ထဲ ရွေးချယ် ခန့်အပ်ခဲ့ကြတာပါ။

သူ့ကို အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ထောက်ခံခဲ့ကြသလို တရုတ်၊အိန္ဒိယနဲ့ ဘရာဇီး တို့လို စျေးကွက် ပေါ်ထွန်းစ အဓိက နိုင်ငံကြီးတွေကလည်း ထောက်ခံခဲ့ကြပါတယ်။

Ms Lagarde ဟာ ကမ္ဘာ့ထိပ်တန်း ငွေကြေး အဖွဲ့ကြီးတွေထဲက တခုဖြစ်တဲ့ IMF အဖွဲ့ရဲ့ ပထမဆုံးသော အမျိုးသမီး အကြီးအကဲ ဖြစ်လာမှာပါ။

Ms Lagarde ပထမဆုံး လုပ်ဆောင်ရမဲ့ ဆောင်ရွက်ချက်ကတော့ ဂရိနိုင်ငံ ကြွေးမြီ ပြဿနာကိစ္စ ဖြေရှင်းရေးနဲ့ တခြား ဥရောပ စီးပွားရေးဇုံထဲ ဒီပြဿနာ ကူးစက် ပျံ့နှံ့ မလာအောင် တားဆီးရေး IMFနဲ့ ဥရောပ သမဂ္ဂ အဖွဲ့က ကြိုးပမ်းနေမှုတွေမှာ ဦးဆောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အရင် IMF အကြီးအကဲ Dominique Strauss Kahn ကတော့ လိင်ကိစ္စ စွဲချက်တွေ ရင်ဆိုင်ခဲ့ရအပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။