ပါလီမန်က အတည်ပြုတဲ့ ခြိုးခြံရေး လူငယ်တွေ ဆန့်ကျင်

  • 30 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဂရိနိုင်ငံမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အစိုးရ အသုံးစရိတ် ခြိုးခြံ ချွေတာရေး အစီအစဉ်ကို ပါလီမန်က ထောက်ခံ အတည်ပြုပေး လိုက်တာ ကြောင့် ဥရောပ သမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

ဒါဟာ အလွန်ဆိုးဝါးတဲ့ အနေအထားဆီ ဦးတည် ရာကနေ ခြေလှမ်းတလှမ်း ပြန်ဆုတ်ခွာနိုင်ခဲ့တာဘဲလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။

ဒါပေမယ့် အေသင်မြို့ကလမ်းတွေပေါ်မှာတော့ ဒီခြိုးခြံ ချွေတာရေး အစီအစဉ် အပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ရာထောင်ချီတဲ့ လူငယ်တွေနဲ့ ရဲတွေက အဓိကရုန်း ဖြစ်ခဲ့ပါတယ်။

ဂရိနိုင်ငံ ဒေဝါလီ မခံရအောင် ငွေကြေး ထောက်ပံ့မှုကို လိုချင်ရင် ဒီစရိတ် ဖြတ်တောက်ရေး အစီအစဉ် လုပ်ရမယ် ဆိုတဲ့ နိုင်ငံတကာက မြီရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ဆောင်ရွက်ရတာပါ။

ကြာသပတေးနေ့မှာတော့ ဒီခြိုးခြံ ချွေတာရေး အစီအစဉ်ကို တိတိကျကျ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတဲ့အပေါ် နောက်ထပ် ဥပဒေကြမ်း တစောင်ကို အမတ်တွေက အတည်ပြုဖို့ လိုသေးကြောင်း သိရပါတယ်။