လစ်ဗျားသူပုန်ကို ပြင်သစ် ကူတာ ရုရှ ဝေဖန်

  • 1 ဇူလိုင် 2011
Libya ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားသူပုန် တွေကို ပြင်သစ်က လက်နက် တန်ချိန် ၄၀ ချပေး ခဲ့တယ်လို့ဆို

ပြင်သစ် နိုင်ငံက ဝေဟင် ကနေ လစ်ဗျား သူပုန် တွေ အတွက် လက်နက် တွေ ပစ်ချ ပေးခဲ့တယ် ဆိုတဲ့ သတင်း ထုတ်ပြန် ခဲ့တဲ့ အတွက် ဒါဟာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ပြောကြားလိုက်ပါတယ်။

လစ်ဗျား သူပုန်တွေ အတွက် လက်နက် တွေ ဝေဟင်က ချပေးခဲ့တယ် ဆိုတာကို ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တုန်းက အသိအမှတ် ပြုခဲ့တာ ဖြစ်ပါတယ်။

ရုရှား အနေနဲ့ ဒီသတင်းဟာ မှန်ကန်မှု ရှိမရှိ အတည်ပြုချက် အမြန်လိုချင် တယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရကလည်း ဒီကိစ္စအပေါ် စိတ်မသက်မသာ ဖြစ်နေပေမယ့် ရုရှလောက်တော့ ပြင်းပြင်းထန်ထန် မပြောပါဘူး။

လစ်ဗျား မှာ လုပ်နေတဲ့ စစ်ဆင်ရေး ကြောင့်အဖွဲ့ဝင် တွေကြား အထင်အမြင် မတူတာတွေ ဖြစ်လာတာကို သိနေတဲ့ NATO မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ကလည်းဒီလို လုပ်တာဟာ နေတိုးရဲ့ ဆုံးဖြတ်ချက် အရ မဟုတ်ပါဘူးဆိုတာကို အတော်လေး အပင်ပန်းခံပြီး ရှင်းပြ နေရ ပါတယ်။

ပြင်သစ် ကတော့ သူတို့ လုပ်တာ မှန်တယ်လို့ ယူဆနေပြီး ဗြိတိန်နဲ့ အမေရိကန် တို့ကလည်း နောက်ပိုင်းမှာ ထပ်ပြီး ချမှတ် ခဲ့တဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ဟာ အရင် ဆုံးဖြတ်ချက်ကို လွှမ်းမိုး သွားပြီ လို့ဆိုပြီး လစ်ဗျား သူပုန်တွေကို လက်နက် ထောက်ပံ့ တာဟာ ဥပဒေနဲ့ မဆန့်ကျင် ဘူးလို့ လေးလေး နက်နက် ယုံကြည် နေပါတယ်။