လူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းဖို့ အာဖရိက သမဂ္ဂ ပြော

  • 1 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လူငယ်တွေကို နားလည်ပေးဖို့ ပြောတဲ့ Jean Ping

မကြာသေးခင် ကာလတွေ အတွင်း အာဖရိက မြောက်ပိုင်းက တိုင်းပြည်တွေမှာ လူထု အုံကြွ မှုတွေ ဖြစ်ရတာဟာ အဲဒီတိုင်းပြည်က အစိုးရတွေက လူငယ်တွေ အပေါ် နားလည်မှု မရှိတာကြောင့် ဖြစ်ရတာလို့ အာဖရိက သမဂ္ဂ ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

လစ်ဗျားက လူထုဆန္ဒပြမှုကတဆင့် ပြည်တွင်းစစ်အထိ ဖြစ်လာရတာဟာ တရားဝင် ရပိုင်ခွင့်တွေကို လိုချင်နေတဲ့ လူထုရဲ့ ပြင်းပြတဲ့ ဆန္ဒတွေအပေါ် အစိုးရက နားလည်မှု မရှိတာကြောင့် ဖြစ်ရတာလို့ ညီလာခံ အာဖရိက သမဂ္ဂ Jean Ping က ပြောကြားခဲ့ပါတယ်။

ဒေသတွင်းက လူငယ်တွေရဲ့ လိုအပ်ချက်တွေ အပေါ် ခိုင်မာအောင် ဖြည့်ဆည်း ပေးကြပါလို့ ညီလာခံ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေကို ပန်ကြား လိုက်ပါတယ်။

သောကြာနေ့မှာ ဒုတိယမြောက် နေ့အဖြစ် Equatorial Guinea မှာ ကျင်းပနေရာမှာ လစ်ဗျားအရေးက အစည်းအဝေးမှာ လွှမ်းမိုးနေပါတယ်။

လက်ခံကျင်းပတဲ့ အိမ်ရှင်နိုင်ငံ သမ္မတ Obiang Nguema ကတော့ အာဖရိက နိုင်ငံတွေမှာ အနောက်အုပ်စုက ဝင်ရောက်စွက်ဖက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။