ဓါးစားခံ ပြင်သစ် သတင်းထောက်တွေကို တာလီဘန် ပြန်လွှတ်ပေး

  • 1 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်လာတဲ့ ပြင်သစ် သတင်းသမားတွေ

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ဖမ်းထားရာက ပြန်လွတ်လာတဲ့ ပြင်သစ် သတင်းသမား Herve Ghesquiere က သူ့မှာ ဘာအထောက် အထားမှမရှိပေမယ့် သူလွတ်လာဖို့ အတွက် ပြင်သစ်က အာဖဂန် အကျဉ်းသား နှစ်ယောက်ကို လွတ်ပေးခဲ့ရပြီး ပြန်ရွေးငွေလည်း ပေးခဲ့ရတယ်လို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

အဲဒီ ရုပ်မြင်သံကြား ဆိုင်ရာ သတင်းသမား သူ့လုပ်ဖော်ကိုင်ဖက် Stephane Taponierအပါအဝင် သူတို့ကို အာဖဂန် စကားပြန်သမား တို့ဟာ တာလီဘန် လက်ထဲမှာ ၁ဂလကြာ အဖမ်းခံထားရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့က ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ပြန်ရွေးငွေ ပေးရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြင်သစ် အစိုးရက ငြင်းခဲ့သလို အကျဉ်းသားချင်း နှစ်နိုင်ငံကြား လဲခဲ့တယ်ဆိုတာကိုလည်း အာဖဂန် အစိုးရ ဖက်က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တာလီဘန်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူတို့ရဲ့ အကျဉ်းကျနေတဲ့ ထိပ်တန်း အရာရှိ အတော်များများ ပြန်လွတ်လာပြီလို့ ဆိုပါတယ်။