သန္ဓေ တားရင် ကားတွေ ရနိုင်တယ်

  • 1 ဇူလိုင် 2011
Indian Ladies ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယမှာ သားသမီး မယူသူ တွေကို မက်လုံးတွေ ပေးနေ

အိန္ဒိယ နိုင်ငံ ရာဂျားစ်သန် ပြည်နယ် ကျန်းမာရေး အရာရှိတွေက လူဦးရေ တိုးပွား လာမှုကို လျှော့ချဖို့ ကြိုးစားတဲ့ အနေနဲ့ သားသမီး မရအောင် သန္ဓေ တားဆီးရေး လှုပ်ရှားမှု ကို စတင်လိုက် ပါတယ်။

ကိုယ့် သဘောနဲ့ကိုယ် သားသမီး မရအောင် ပဋိသန္ဓေ တားဆီးမယ့် အမျိုးသားနဲ့ အမျိုးသမီးတွေ ကို အားပေးတဲ့ အနေနဲ့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြားစက်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ရနိုင်တဲ့ အခွင့် အလမ်းရှိမယ်လို့ လည်း ပြည်နယ် ကျန်းမာရေးမှူး တွေက ပြောပါတယ်။

လောလောဆယ် အိန္ဒိယ နိုင်ငံမှာ လူဦးရေ ၁ ဒဿမ ၂ ဘီလျံ ရှိနေ ပါတယ်။

အခုလို ထိန်းချုပ်မှု မလုပ်ရင် လာမယ့် ၂၀၃၀ ခုနှစ်မှာ တရုတ် နိုင်ငံရဲ့ လူဦးရေ ထက် များသွားနိုင်ဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက် တွေကြောင့် အိန္ဒိယ အစိုးရ အဖွဲ့ အတွင်း အတော် များများက စိုးရိမ် နေကြတဲ့ အတွက် အိန္ဒိယရဲ့ တခြား ပြည်နယ်တွေ မှာလည်း ပဋိသန္ဓေ တားဆီးမယ့် စုံတွဲတွေကို မက်လုံးတွေပေးပြီး ကမ်းလှမ်း ခဲ့ကြ ပါတယ်။