ဘာရိန်းမှာ စေ့စပ်ဆွေးနွေးမှုတွေ စတင်

  • 2 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသား စေ့စပ်ညှိနှိုင်းရေးကော်မတီ ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဘာရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပြီနောက် အာဏာပိုင်တွေက အတိုက်အခံတွေနဲ့ ပွင့်ပွင့်လင်းလင်း တရားဝင် ဆွေးနွေး နေကြပါပြီ။

အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း လူပေါင်း ၃၀ ကျော်လည်း သေဆုံးသွားခဲ့ပါတယ်။

ရွေးချယ်မှုအားလုံးအတွက် ဆွေးနွေးပွဲကနေ ရယူရမယ်လို့ ဆူနီဘုရင် ဟာမတ်က ပြောကြား လိုက်ပါတယ်။

အခုလို တရားဝင်ဆွေးနွေးမှုတွေ စတင်ခဲ့ပြီးနောက် ဒီကနေ့အတွက် ဆွေးနွေးမှု ရပ်နား လိုက်ပါတယ်။

ဆွေးနွေးပွဲကို ဘာရိန်းက ရှီရမူဆလင် အများစုကို ကိုယ်စားပြုတဲ့ အဓိကအတိုက်အခံအဖွဲ့ လည်း တက်ရောက်ပါတယ်။

လက်ရှိအစိုးရအဖွဲ့မှာ အဓိက ဦးဆောင်နေတဲ့ ဆူနီတွေရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် ကျေနပ်မှုမရှိကြောင်း ဒီအတိုက်အခံအဖွဲ့က ကာလကြာရှည် ပြောကြားနေခဲ့တာဖြစ်ပါတယ်။