အစိုးရက အင်အားသုံး နှိမ်နင်းတဲ့ ကြားက ဆန္ဒပြမှုတွေ ဆက်ဖြစ်နေ

  • 2 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယားနိုင်ငံတလွှားက လမ်းတွေပေါ်မှာ သမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ ရာထောင်ချီတဲ့ လူတွေ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြပြီး အတိုက်အခံ လှုပ်ရှားသူတွေ အဆိုအရ အကြီးဆုံး ဆန္ဒပြမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Damascus မြောက်ပိုင်း Hama မြို့ မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေက အကြီးဆုံးဖြစ်ပြီး လူငါးသိန်းလောက်ပါဝင်ခဲ့တယ်လို့ ဆိုပေမယ့် ဒီအရေအတွက်ကို အတည်မပြု နိုင်သေးပါဘူး။

နိုင်ငံတလွှား ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့က အင်အားသုံး နှိမ်နင်းခဲ့ တာကြောင့် အနည်းဆုံး လူဆယ်လေးယောက် သေဆုံးသွားတယ်လို့ ဆန္ဒပြဖို့ စည်းရုံး လှုပ်ရှားသူ တွေက ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတာ သုံးလကျော်ခဲ့ပြီး အဓိကရုန်း ဖြစ်ပွားမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ အပါအဝင် သေဆုံးသူ တထောင်ကျော် သွားပြီလို့ လူ့အခွင့်အရေး သမားတွေက ပြောပါတယ်။