ကဒါဖီ ဝရမ်းကိစ္စ ဘာမှ မလုပ်ကြဖို့AUပြော

  • 3 ဇူလိုင် 2011
_au_ap
Image caption အာဖရိက သမဂ္ဂ ညီလာခံ

အာဖရိက သမဂ္ဂက သူ့ရဲ့ အဖွဲ့ဝင် နိုင်ငံ တွေကို အပြည်ပြည် ဆိုင်ရာ တရားရုံးရဲ့ လစ်ဗျားခေါင်း ဆောင် မိုမာ ကဒါဖီ ကို ဖမ်းဖို့ ဝရမ်းထုတ်ထား တဲ့ အပေါ်မှာ ဘာမှ ဝင် မလုပ် ကြဖို့ တောင်း ဆို လိုက် ပါတယ်။

အီကွေ တိုရီယယ် ဂီနီမှာ ကျင်းပခဲ့တဲ့ ထိတ်သီး ဆွေးနွေး ပွဲ အပြီး မှာတော့ ဒီလို ဝရမ်းထုတ် လိုက် တဲ့အတွက် လစ်ဗျား ပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို သူတို့ အဖွဲ့က ကြိုးပမ်းနေကြတာကို အခက် အခဲတွေ ကြုံစေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

အဲဒီ အဖွဲ့ရဲ့ အကြီး အကဲ ဖြစ်တဲ့ ရွန်ပင်းက အာဖရိက ခေါင်းဆောင်တွေ ဟာ အိုင်စီစီကို ဆန့်ကျင်နေတာ မျိုး မဟုတ် ကြောင်းနဲ့ သူတို့ အနေနဲ့ ဒီတရားရုံးက အာဖရိက တိုက်က ခေါင်းဆောင်တွေကို ချည်း ပစ်မှတ် ထားနေတယ်လို့တော့ ခံစား ရကြောင်းတွေ ကိုပြော သွား ပါတယ်။

အစောပိုင်းတုန်းကတော့ လစ်ဗျား အနာဂတ်မှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ လွှမ်းမိုးမှုတွေ မပါတဲ့ ဆွေးနွေး မှုတွေ လုပ်ဖို့ အေယူ အဖွဲ့က ကမ်းလှမ်း လာတာကို လစ်ဗျား သူပုန်တွေ ဘက်က ကြိုဆိုလိုက်ပါတယ်။

တဘက်မှာလဲ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မဒရစ် မြို့တော်မှာ စပိန် နိုင်ငံခြား ရေး ဝန်ကြီး ထရီနီဒက် ဟီမင်နက်ဇ် နဲ့ တွေ့ ဆုံ အပြီး လစ်ဗျား မှာ နေတိုး ရဲ့ ဆောင်ရွက် မှုတွေဟာ အောင်မြင်မှု ရနေတယ်လို့ ဆိုလိုက်ပါတယ်။

ဟီလာရီ ကလင်တန်က နေတိုးရဲ့ လုပ်ငန်းတွေ ဟာ အောင်မြင်မှုတွေ ရနေကြောင်း ၊ ကဒါဖီ အပေါ်မှာ ဖိအားတွေ ပိုများလာ နေပြီ ဖြစ်တဲ့ အကြောင်း ၊ သူပုန်တွေ ဘက်ကလဲ အင်အား ကောင်းလာနေသလို အရှိန် လဲတက် လာ နေပြီ ဖြစ်တဲ့ အကြောင်း တွေကို ပြော သွားပါ တယ်။ အဲဒါ တွေ အားလုံး ပြီးစီးတဲ့ အထိ စောင့်ပြီးရင် တော့ ပြီးပြည့်စုံတဲ့ သဘောတူ ညီမှုတွေ ရလာ နိုင်မှာ ဖြစ်ကြောင်း တွေ ကို ပြောသွား ပါတယ်။