ဘင်္ဂလားဒေ့ရှ်မှာ ဓါတ်ငွေ့ကိစ္စ သပိတ်မှောက်

  • 3 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption လူပေါင်း ၁ ရာကျော် အဖမ်းခံခဲ့ရပါတယ်

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အမေရိကန် စွမ်းအင်ကုမ္ပဏီတခုကို သဘာဝဓါတ်ငွေ့ ရှာဖွေခွင့် ပေးလိုက်တဲ့အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ မြို့တော် ဒက္ကာမှာ ၆ နာရီကြာ သပိတ်ဆင်နွှဲခဲ့စဉ် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူပေါင်း တရာကျော်လည်း အဖမ်းခံခဲ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ သဘာဝဓါတ်ငွေ့ ရှာဖွေဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်က ကိုနိုကိုဖီးလစ် စွမ်းအင်ကုမ္ပဏီနဲ့ သဘောတူညီချက်တခု လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် မြင့်မားလာနေတာကို ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အစိုးရက ပြောပါတယ်။

ဒါပေမယ့်လို့ ရှာဖွေတွေ့ရှိသမျှ ဓါတ်ငွေ့ရဲ့ ၈ ရာခိုင်နှုန်းလောက်ကို တခြား တိုင်းပြည်တွေကို တင်ပို့ဖို့ အမေရိကန်ကုမ္ပဏီကို ခွင့်ပြုထားတယ်လို့ ​ဝေဖန်သူတွေက ပြောပါတယ်။