တရုတ်ကျောက်မီးသွေးမိုင်းတွေမှာ ရေကြီး

  • 3 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ရေပြည့်တက်လာနေတဲ့ အတွက် ကယ်ဆယ် ဆောင်ရွက်မှုတွေကို အဟန့်အတား ဖြစ်နေ

တရုတ်နိုင်ငံတောင်ပိုင်းက ကျောင်းမီးသွေး မိုင်း နှစ်ခုမှာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်ခဲ့တာကြောင့် အထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၄၀ ကျော်ကို ကယ်ဆယ်ရေး တွေက ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြ ပါတယ်။

ဂွန်ဇီဒေသက မိုင်းမှာတော့ တိုင်တခုပြိုကျကာ မိုးရေတွေဝင်ပြီး ပြည့်တက်လာတဲ့အတွက် ကယ်ဆယ်ရေး လုပ်သားတွေက ရေတွေကို စုပ်ထုတ်နေပါတယ်။ နောက်ပြီး ပေါက်ကွဲစေ နိုင်တဲ့ ဓါတ်ငွေ့ကိုလည်း လျော့ကျအောင် လုပ်နေကြပါတယ်။

မိုင်းလုပ်သား ၃ ဦးတော့ အဲဒီမိုင်းမှာ သေဆုံးသွားပြီလို့ သိရပြီး၊ နောက်ထပ်အများအပြား ပိတ်မိနေကြပါတယ်။

အိမ်နီးချင်း ဂွေဂျိုးပြည်နယ်က မိုင်းမှာတော့ ရေတွေဟာ ဆက်လက်ပြည့်တက်လာနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို အဟန့်အတား ဖြစ်နေရပါတယ်။

တရုတ်နိုင်ငံ မိုင်းလုပ်ငန်းတွေမှာ သေဆုံးရမှုဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့ တနှစ်ထဲမှာတင် မိုင်းလုပ်သား ၂၅၀၀ လောက်သေဆုံးခဲ့ပါတယ်။