သမ္မတ ဆင်းပေးဖို့ ပြောလို့ အစည်းအဝေးက မောင်းထုတ်ခံရ

  • 4 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ အာဆက်ဒ် ရာထူးက တောင်းဆို နေသူတွေ

ဆီးရီးယား နိုင်ငံမှာ မငြိမ်မသက်မှုတွေ အဆုံးသတ်သွားအောင် ရည်ရွယ်ပြီး အစိုးရ က ကျင်းပခဲ့တဲ့ ညီလာခံ အစည်းအဝေးပွဲဟာ လုံးထွေး ရိုက်နှက်မှုတွေနဲ့ ပြီးဆုံးသွားပါတယ်။

ဒမားစကတ်စ် မြို့မှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ တက်ရောက်ခြင်း မရှိပေမယ့် ဝေဖန်သူ တယောက်က သမ္မတ အာဆက် ရာထူးက ဆင်းပေးဖို့ ပြောတဲ့ အခါ အဲဒီလူကို ရိုက်နှက် ဖမ်းချုပ်ပြီး အစည်းအဝေးထဲက မောင်းထုတ် ခံခဲ့ရပါတယ်။

တချိန်တည်းမှာ ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားရာ ဟာမာမြို့ အပြင်ဘက်မှာ ရာနဲ့ချီတဲ့ တင့်ကားတွေ စစ်ကားတွေ နေရာယူ စောင့်ကြပ်ခဲ့ပါတယ်။

အဲဒီနောက် စစ်သားတွေက ဖြန့်ကျက်ပြီး ရာထောင်ချီတဲ့ မြို့နေလူတွေကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အခုအချိန်ထိ စစ်သားတွေ ဆက်လက် တပ်စွဲထားသလား ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။