ထိုင်းရွေးကောက်ပွဲစပြီ

  • 3 ဇူလိုင် 2011
thailand_ ဓာတ်ပုံ မူပိုင် AP
Image caption ယင်လတ် ရှင်နာဝတ်

ထိုင်း နိုင်ငံ မှာတော့ ၅ နှစ် နီးပါး လောက် နိုင်ငံရေး မငြိမ် မသက် မှုတွေ ဖြစ်နေ ခဲ့တဲ့ နောက်မှာ ဒီနေ့ မှာပဲ အထွေထွေ ရွေး ကောက် ပွဲ စတင် ကျင်းပ ပြီ ဖြစ်ပါတယ်။

နံနက် ၈ နာရီလောက် ကစပြီး ဆန္ဒမဲ တွေ ပေးလို့ ရနေပြီ ဖြစ်ပါတယ်။

အဓိက အတိုက် အခံ ဖြစ်တဲ့ အရင် က အာဏာ အသိမ်းခံ ခဲ့ရတဲ့ ဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝတ် ရဲ့ ညီမ အငယ်ဆုံး ဖြစ်တဲ့ ယင်လတ် ရှင်နာ ဝတ် က စစ်တမ်းတွေ မှာ လူကြိုက် အများဆုံး ဖြစ်နေတာ ကို တွေ့ရပါတယ်။

သူမရဲ့ အဓိက ပြိုင်ဘက် ကတော့ လက်ရှိ ဝန်ကြီးချုပ် အဖိဆစ် ဝိဂျာ ဂျီဝပဲ ဖြစ်ပါတယ်။ သူက မစ္စ ယင်လတ်ဟာ ဖြင့် သူ့အစ်ကို ကို အဂတိ လိုက်စား တဲ့ စွဲချက် တွေ ကနေ လွတ် ငြိမ်းခွင့် ရဖို့ နဲ့ အဲဒီ လိုလုပ်ပြီး ဒူဘိုင်း မှာ ရောက်နေတဲ့ သူ့အစ်ကို ပြည်တော် ပြန် လာ နိုင်ရေး အတွက် စီစဉ် နေတယ်လို့ စွတ်စွဲထားပါတယ်။

၂ ဘက် စလုံးကတော့ တိုင်းပြည် အတွင်း စိတ်ဝမ်း ကွဲနေ ကြတာကို ပြန်လည် စည်းလုံး စေဖို့ ကြိုးစား သွားကြမယ်လို့ ဆိုနေကြပါတယ်။